Saturday, January 31, 2009

အဆုံးမဲ့ချစ်ခြင်း”

ငါ့ကမ္ဘာဦးအစကတည်းက
မင်းကိုငါ ချစ်ခဲ့မိရတာပါ…

ဒီမှာ ကြည့်လိုက်
ငါ့ချစ်ခြင်းနဲ့ တိုက်ခတ်တဲ့ လေပြည်
မင်းအတွက်ဆို နူးညံ့နေခဲ့ပေါ့
ငါ့ချစ်ခြင်းနဲ့ သီတဲ့တေး
မင်းအတွက်ဆို အေးမြမွှေးနေခဲ့ပေါ့..
ငါ့ချစ်ခြင်းနဲ့ ပွင့်တဲ့ပန်း
မင်းဥယျာဉ်နန်းမှာ ထာဝရလန်းနေခဲ့ပေါ့…

ချစ်သူရေ...

မင်းအတွက် စကားတစ်ခွန်း
ငါ့နှလုံးသားပြတိုက်မှာ ထုသွန်းထားပြီးသား
အဲဒါ…အဆုံးမဲ့ချစ်ခြင်းတရားပဲပေါ့…။

2 comments:

  1. အစ်ကို အဆုံးမဲ့ချစ်ခြင်းတရားနဲ့ ဘယ့်သူ့ကိုချစ်တာလဲ။ :P ငါ့အစ်ကို ဒီလို အချစ်ကဗျာလှလှလေးတွေရေးတတ်မယ်လို့ထင်မထားဘူး။

    ReplyDelete
  2. ခုမှပဲ အဆုံးမဲ့ချစ်ခြင်းကိုတွေ့တော့တယ်။

    ReplyDelete